Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သီချင်း 2:13 - Myanmar Common Language Zawgyi Version

13 သင်္ဘောသီးတို့ မှည့်စပြုပြီ။ စပျစ်ပွင့်များ၏ရနံ့သည်လည်း ကြိုင်သင်းလျက်ရှိပါ၏။ သို့ဖြစ်၍ချစ်နှမလာခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 သဖန်းပင်​မှ သဖန်းသီး​စိမ်း​များ​လည်း မှည့်စ​ပြု​လာ​ပြီ​။ စပျစ်ပင်​များ​လည်း အပွင့်​ပွင့်​၍ မွှေးကြိုင်​လေ​ပြီ​။ လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 သင်္ဘော​သ​ဖန်း​ပင်​သည် စိမ်း​သော​အ​သီး​ကို မှည့်​စေ၏။ စ​ပျစ်​နွယ်​ပင်​လည်း ပွင့်​လျက် မွှေး​ကြိုင်၏။ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




သီချင်း 2:13
16 ပူးပေါင်းရင်းမြစ်များ  

ငါ၏ချစ်နှမ၊ သင်သည်အလွန်ရှုချင်ဖွယ် ကောင်းပါပေသည်။ သင်၏မျက်စိများသည် အချစ်ရောင်သန်းလျက် နေသည်တကား။


ကျွန်မ၏ချစ်သူသည် ကျွန်မအားပြောဆိုသည်မှာ၊ ချစ်နှမလိုက်ခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။


အပွင့်များဖြင့်ဝေဆာလျက်နေသည့်ငါတို့ စပျစ်ဥယျာဉ်ကို မြေခွေးများ၊ မြေခွေးငယ်ကလေးများမဖျက်ဆီးမီ သူတို့ကိုဖမ်းဆီးပါလော့။


ငါသည်ချိုင့်ဝှမ်းတွင်ရှိသောအပင်ငယ်များ ကိုလည်းကောင်း၊ စပျစ်နွယ်များသစ်ရွက်ထွက်သည်ကိုလည်းကောင်း၊ ကြည့်ရှုရန်၊ ဗာဒံပင်များအကြားကိုဖြတ်ဆင်းခဲ့ပါ၏။


ငါသည်စွန်ပလွံပင်ကိုတက်၍အသီးများကို ဆွတ်ခူးပါမည်။ သင်၏ရင်သားတို့သည် စပျစ်သီးခိုင်နှင့်လည်းကောင်း၊ သင်ရှူထုတ်သောလေသည်သစ်သော့သီး ရနံ့နှင့်လည်းကောင်း၊


စ​ပျစ်​သီး​များ​ကို​မ​စု​သိမ်း​မီ၊ အ​ပွင့်​များ ကြွေ​၍​အ​သီး​များ​မှည့်​လာ​ချိန်​၌​သူ​သည် ဓား​ဖြင့် စ​ပျစ်​ခက်​များ​ကို​အ​လွယ်​တ​ကူ လှီး​ဖြတ်​သ​ကဲ့​သို့​ဆူ​ဒန်​အ​မျိုး​သား​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ကြ​လိမ့်​မည်။-


မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။


သူ​တို့​သည်​အ​ဖူး​အ​ညွှန့်​တို့​ဖြင့်​ဝေ​ဆာ​၍၊ သံ​လွင်​ပင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ အ​နံ့​သင်း​ကြိုင်​လိမ့်​မည်။


သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။


``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို​သင်​ယူ ကြ​လော့။ ထို​အ​ပင်​တွင်​အ​ကိုင်း​အ​ညှောက်​ထွက်​၍ ရွက်​နု​ပေါက်​သော​အ​ခါ​နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ​၏။-


ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ