Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သီချင်း 2:12 - Myanmar Common Language Zawgyi Version

12 မြေပြင်တစ်လျှောက်တွင် ပန်းများပွင့်လျက်နေပါ၏။ ဤအချိန်သည်ငှက်များမြည်တွန်ချိန်ဖြစ်၍ လယ်ပြင်များတွင်ချိုးကူသံကြားရပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 မြေ​ပေါ်မှာ ပန်း​များ ပွင့်​လေ​ပြီ​။ တေးသီချင်း​သီဆို​ချိန်​ရောက်​ပြီ​။ ငါ​တို့​ပြည်​တွင် ချိုးကူသံ​လည်း​ကြား​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 မြေ​ကြီး​ပေါ်​မှာ ပန်း​များ​ပွင့်​ကြ​ပြီ။ ငှက်​တို့ မြည်​တွန်​ချိန်​လည်း ရောက်​လေ​ပြီ။ ငါ​တို့​မြေ၌ ချိုး​ငှက် တွန်​သံ​ကို​လည်း ကြား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သီချင်း 2:12
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``သုံး​နှစ်​သား​အ​ရွယ်​စီ​ရှိ​သော​နွား​မ တစ်​ကောင်၊ ဆိတ်​မ​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင် နှင့်​တ​ကွ ချိုး​တစ်​ကောင်၊ ခို​တစ်​ကောင်​ကို​ငါ့​ထံ သို့​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။-


ကိုယ်​တော်​ရှင်​၏​ခို​ကိုး​ရာ​မဲ့​သည့်​လူ​စု​တော်​အား ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏ လက်​တွင် စွန့်​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​နေ​ရ​သော​ကိုယ်​တော် ရှင်​၏ လူ​စု​တော်​အား​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။


သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင် ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။


ဆောင်းရာသီကုန်ဆုံးပြီဖြစ်၍ မိုးလည်းမရွာတော့ပါ။


ငါသည်ချိုင့်ဝှမ်းတွင်ရှိသောအပင်ငယ်များ ကိုလည်းကောင်း၊ စပျစ်နွယ်များသစ်ရွက်ထွက်သည်ကိုလည်းကောင်း၊ ကြည့်ရှုရန်၊ ဗာဒံပင်များအကြားကိုဖြတ်ဆင်းခဲ့ပါ၏။


ကျွန်မ၏ချစ်သူမောင်တော်သည် သစ်ဆီမွှေးပင်များ​ပေါက်ရာသူ၏ဥယျာဉ်သို့ သွား​တော်မူပါသည်။ သူသည်မိမိသိုးအုပ်စုကို ဥယျာဉ်ထဲတွင် ကျက်စားစေ၍နှင်းပန်းပွင့်များကို ဆွတ်ခူးလျက်နေပါ၏။


``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။


မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-


ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဓမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ