ရုသဝတ္ထု 3:7 - Myanmar Common Language Zawgyi Version7 ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေ၌ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။ အခန်းကိုကြည့်ပါ။ |
အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-