ရောမဩဝါဒစာ 9:26 - Myanmar Common Language Zawgyi Version26 မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်26 ‘သင်တို့သည် ငါ၏လူမျိုးမဟုတ်’ဟု သူတို့အားမိန့်ဆိုထားသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ဟူ၍ ခေါ်ဝေါ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version26 သင်တို့သည် ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။- အခန်းကိုကြည့်ပါ။ |
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။