ရောမဩဝါဒစာ 8:13 - Myanmar Common Language Zawgyi Version13 အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣနြေ္ဒစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-