ဗျာဒိတ် 9:2 - Myanmar Common Language Zawgyi Version2 သူသည်တွင်းနက်ကြီးကိုဖွင့်လိုက်သောအခါ မီးခိုးသည်မီးဖိုကြီးမှထွက်သည့်အလား ထွက်လာလေသည်။ ထိုမီးခိုးကြောင့်နေနှင့် အာကာသကောင်းကင်သည်မှောင်မဲ၍သွား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 သူသည် ထိုအတိုင်းမသိနက်ရှိုင်းသောတွင်းကို ဖွင့်လိုက်သောအခါ မီးဖိုကြီး၏မီးခိုးကဲ့သို့သောမီးခိုးများသည် ထိုတွင်းထဲမှတက်လာပြီး ထိုတွင်း၏မီးခိုးများကြောင့် နေနှင့်အာကာသသည် မှောင်မိုက်သွားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏အခိုးကဲ့သို့သော အခိုးသည် တွင်းထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။- အခန်းကိုကြည့်ပါ။ |
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။