Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 2:8 - Myanmar Common Language Zawgyi Version

8 စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 2:8
8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။


ထာ​ဝ​ရ​ဘု​ရား​က ``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-


ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လဒ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။


ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။-


ငါ​သည်​ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ