Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 19:19 - Myanmar Common Language Zawgyi Version

19 ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ထိုအခါ သားရဲ​မှစ၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်ခြေ​ကို​စစ်​တိုက်​ရန် စုဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 19:19
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-


သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။-


ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-


သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။


ထို​နောက်​ဝိ​ညာဉ်​တို့​သည်​ရှင်​ဘု​ရင်​တို့​အား ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု နာ​မည်​တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​စု​ရုံး စေ​ကြ​၏။


သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-


ကြွင်း​ကျန်​သော​သူ​တို့​သည်​ကား​မြင်း​ဖြူ​ကို စီး​တော်​မူ​သော​အ​ရှင်​၏​ခံ​တွင်း​မှ​ထွက်​လာ သော​သန်​လျက်​ဖြင့်​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ ကြ​၏။ ငှက်​အ​ပေါင်း​တို့​သည်​သူ​တို့​၏​အ​သား ကို​ဝ​စွာ​စား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ