ဗျာဒိတ် 16:3 - Myanmar Common Language Zawgyi Version3 ထို့နောက်ဒုတိယကောင်းကင်တမန်သည်မိမိ ဖလားမှ အမျက်တော်ကိုကမ္ဘာမြေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါပင်လယ်ရေသည်လူ သေ၏သွေးကဲ့သို့ဖြစ်လေ၏။ ပင်လယ်ထဲရှိ ရေသတ္တဝါမှန်သမျှသည်သေကုန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-