ဆာလံကျမ်း 93:4 - Myanmar Common Language Zawgyi Version4 ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည် အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ် ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ် နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့် အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ် မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထ နိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မ ကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည် ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော် မလွန်နိုင်။-