ဆာလံကျမ်း 63:5 - Myanmar Common Language Zawgyi Version5 ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။ ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5-6 အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဥ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက်နေသောအခါ၊ ဆီဥကိုလည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည်ဝ၍ ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။ အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။