Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 45:14 - Myanmar Common Language Zawgyi Version

14 သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။ သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။ အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ဇာပန်းထိုးထည်​ဆင်မြန်း​ထား​သော​သူ့​ကို ရှင်ဘုရင်​ထံသို့​ပို့ဆောင်​ကြ​၏​။ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော သူ့​နောက်လိုက်​သည့်​အပျိုတော်​တို့​ကို​လည်း ကိုယ်တော်​ထံသို့​ခေါ်ဆောင်​လာ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ဇာ​နှင့်​ကာ​လျက် ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​ခဲ့​ရ၏။ နောက်​လိုက်​သော အ​ပေါင်း​အ​ဖော် အ​ပျို​တော်​များ​ကို​လည်း၊ ကိုယ်​တော်​ထံ​သို့ သွင်း​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 45:14
13 ပူးပေါင်းရင်းမြစ်များ  

တဲ​တော်​ဝင်း​တံ​ခါး​ဝ​အ​တွက်​အ​လျား​ဆယ် ကိုက်​ရှိ​၍​သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​နှင့်​ချည်​ချော​တို့​ဖြင့်​ရက်​သော​ပန်း​ထိုး ကန့်​လန့်​ကာ​ပြု​လုပ်​ရ​မည်။ ထို​ကန့်​လန့်​ကာ​ကို ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​သော​တိုင်​လေး​တိုင် ဖြင့်​ချိတ်​ဆွဲ​ရ​မည်။-


``အင်္ကျီ​နှင့်​ခေါင်း​ပေါင်း​ကို​ပိတ်​ချော​ဖြင့် ရက်​လုပ်​၍ ခါး​ပန်း​ကို​ပန်း​ထိုး​ထား​ရ​မည်။


ယေရုရှလင်မြို့သူတို့၊ ကျွန်မတို့ချစ်ခြင်းမေတ္တာကို အနှောင့်အယှက်မပေးပါဟုကတိပြုကြလော့။ လျင်မြန်သည့်သမင်ဒရယ်တို့ကိုတိုင်တည်၍ ကျိန်ဆိုကြ​လော့။


အမျိုးသမီးတကာတို့၏အလှဘုရင်မ သင့်ချစ်သူမောင်တော်သည်အဘယ်အရပ်သို့ သွားပါသနည်း။ သူသည်အဘယ်လမ်းသို့သွားပါသနည်း။ သင်နှင့်အတူဝိုင်း၍ရှာပေးနိုင်ရန် ကျွန်မတို့အားပြောကြားပါလော့။


အချင်းရှုလံမြို့သူ၊ ကပါလော့၊ ကပါလော့။ သင်ကသည်ကို အကျွန်ုပ်တို့ကြည့်ပါရစေ။ စီတန်းကြည့်ရှုနေသူတို့၏ကြားတွင် ကျွန်မကသည်ကို အဘယ်ကြောင့်သင်တို့ ကြည့်လိုကြပါသနည်း။


ရှင်ဘုရင်တွင်မိဖုရားခြောက်ဆယ်၊ မောင်းမမိဿံရှစ်ဆယ်နှင့် အပျိုတော်များ မရေမတွက်နိုင်​အောင်ရှိပါစေ။


ငါ၏ချစ်နှမ၊ ဥယျာဉ်ထဲမှသင်၏အသံကို ငါကြားပါရစေ။ သင်၏စကားသံကိုငါ၏အပေါင်းအဖော် များသည်လည်းနားစွင့်လျက်​နေကြပါ၏။


``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-


ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ