Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 18:33 - Myanmar Common Language Zawgyi Version

33 ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။ တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

33 ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 18:33
6 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။


``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင်​လို​အပ်​သော​ခွန်​အား​စွမ်း​ရည်​ကို​ပေး​မည်။


အ​နန္တ​တန်ခိုးရှင်ထာဝရဘုရားသည် ကျွန်တော်မျိုးအားခွန်အားကိုပေး​တော်မူပါ၏။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအား သမင်ကဲ့သို့ခြေမြဲစေတော်မူ၍ တောင်များပေါ်၌ ဘေးမဲ့လုံခြုံစွာ ထားတော်မူပါ၏။


``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။ သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဓား​ဖြစ်​တော် မူ​၏။ သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ