ဆာလံကျမ်း 149:6 - Myanmar Common Language Zawgyi Version
6-9 တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 သူတို့၏နှုတ်၌ ဘုရားသခင်၏ဂုဏ်တော်ချီးမွမ်းခြင်းရှိကြပါစေ။ သူတို့၏လက်၌လည်း အသွားနှစ်ဖက်ပါသောသန်လျက်ကို ကိုင်ထားကြပါစေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
6-9 တစ်ပါးအမျိုးသားတို့အား တရားအတိုင်းအပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာလည်းကောင်း၊ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့်ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှာလည်းကောင်း၊ ကျမ်းစာ၌မှတ်သားသောအပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍၊ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။
အခန်းကိုကြည့်ပါ။ ကော်ပီ