ဆာလံကျမ်း 135:7 - Myanmar Common Language Zawgyi Version7 ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏။ မိုးနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။