Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 7:84 - Myanmar Common Language Zawgyi Version

84-88 ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

84 ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် အစ္စရေး​ခေါင်းဆောင်​တို့​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​မှာ ငွေ​လင်ပန်း တစ်ဆယ့်နှစ်​ခု​၊ ငွေ​ဇလုံ တစ်ဆယ့်နှစ်​လုံး​၊ ရွှေ​ခွက် တစ်ဆယ့်နှစ်​လုံး ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

84 ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 7:84
11 ပူးပေါင်းရင်းမြစ်များ  

စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-


မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-


ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊-


ယု​ဒ​တဲ​တော်​အ​တွင်း​၌​တာ​ဝန်​ထမ်း​ဆောင် ရ​သူ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ​တို့​၏​ယဇ် ပလ္လင်​မှ​အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို​မျှ​စား ပိုင်​ခွင့်​မ​ရှိ။-


မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ