တောလည်ရာ 4:33 - Myanmar Common Language Zawgyi Version33 ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ မေရာရိသားမြေးတို့၏မျိုးနွယ်စုများ လုပ်ဆောင်ရမည့်အလုပ်အားလုံးဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်၍၊ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား ခေါင်းဆောင်တို့သည်လေဝိသားချင်းစုသုံး စုဖြစ်သောကောဟတ်သားချင်းစု၊ ဂေရရှုန် သားချင်းစုနှင့်မေရာရိသားချင်းစုတို့ တွင်အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်း ရှိ ထာဝရဘုရားစံတော်မူရာတဲတော် တွင်အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ ကိုဘိုးဘေးဆွေမျိုးများဘက်မှ မိသားစု အလိုက်ကောက်ယူရရှိသောလူဦးရေ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ သားချင်းစု လူဦးရေ ကောဟတ် ၂၇၅၀ ဂေရရှုန် ၂၆၃၀ မေရာရိ ၃၂၀၀* စုစုပေါင်း ၈၅၈၀