Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:31 - Myanmar Common Language Zawgyi Version

31 လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 သေဒဏ်​ခံထိုက်​သည့်​အပြစ်ရှိ​သော​လူသတ်သမား​သည် မုချ​အသတ်​ခံရ​မည်​ဖြစ်​သောကြောင့် သူ​၏​အသက်​အတွက် ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

31 အ​သေ​ခံ​ထိုက်​သော​လူ​သတ်၏ အ​သက်​ဖိုး​ငွေ​ကို မ​ခံ​မ​ယူ​ရ။ သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:31
13 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။-


ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။


သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။


ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-


``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-


``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-


ခို​လှုံ​ရာ​မြို့​သို့​ပြေး​ဝင်​သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​အ​နိစ္စ​မ​ရောက်​မီ မိ​မိ​နေ​ရပ်​သို့ ပြန်​ရန်​အ​တွက်​ငွေ​ပေး​လျှင်​လက်​မ​ခံ​ရ။-


`` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ