Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 34:6 - Myanmar Common Language Zawgyi Version

6 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​နှင့်​ကမ်းရိုးတန်း​တို့​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ အနောက်ဘက်​နယ်နိမိတ်​ဖြစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​သည် အ​နောက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 34:6
12 ပူးပေါင်းရင်းမြစ်များ  

အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-


``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။-


``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။


ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။


``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊-


န​ဿ​လိ​ပြည်​နယ်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​ပြည်​နယ်​များ၊ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ ကျယ်​ပြန့်​သော​ယု​ဒ​ပြည်​နယ်၊-


သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-


ထို​နောက်​ဧ​ကြုန်​မြို့​မြောက်​ဘက်​ရှိ​တောင်​သို့ ရောက်​ပြီး​လျှင် ရှိ​ကြုန်​မြို့​ဘက်​သို့​လှည့်​၍ ဗာ​လာ​တောင်​ကို​လွန်​လျက်​ယာ​ဗ​နေ​လ​မြို့ သို့​ရောက်​သည်။ ထို​နောက်​အ​နောက်​ဘက်​နယ် နိ​မိတ်​ဖြစ်​သော​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး သတ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​သည်​ဖော်​ပြ ပါ​နယ်​နိ​မိတ်​များ​အ​တွင်း​၌​နေ​ထိုင်​ကြ သည်။


ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-


ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-


ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​တောင်​ကုန်း​ဒေ​သ၊ တောင်​ခြေ​ဒေ​သ၊ မြောက်​ဘက်​လေ​ဗ​နုန်​တောင် အ​ထိ​ရှည်​လျား​သော​မြေထဲ​ပင်​လယ်​ကမ်း​ရိုး တန်း​ဒေ​သ​တို့​တွင်​အုပ်​စိုး​သော​မင်း​အ​ပေါင်း တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ ခံ​သ​တင်း​ကို​ကြား​ကြ​၏။ ထို​မင်း​များ​မှာ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏ မင်း​များ​ဖြစ်​ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ