တောလည်ရာ 29:13 - Myanmar Common Language Zawgyi Version13 ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ပထမနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးဆယ်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-