တောလည်ရာ 19:16 - Myanmar Common Language Zawgyi Version16 မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။-