တောလည်ရာ 17:8 - Myanmar Common Language Zawgyi Version8 နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။
ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။