တောလည်ရာ 16:42 - Myanmar Common Language Zawgyi Version42 သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်42 ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version42 ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။ အခန်းကိုကြည့်ပါ။ |
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-