Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:16 - Myanmar Common Language Zawgyi Version

16 သင်​တို့​နှင့်​သူ​တို့​အ​တွက်​ပြ​ဋ္ဌာန်း​ချက်​များ သည်​လည်း တ​ပြေး​ညီ​ဖြစ်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ တရား​သည် တစ်မျိုးတည်း​၊ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:16
8 ပူးပေါင်းရင်းမြစ်များ  

``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-


ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


အ​ကယ်​၍​သာ​မန်​လူ​တစ်​ဦး​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-


ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ ရန်​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့် အောက်​ပါ​အ​တိုင်း​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-


ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။


``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း ချက်​များ​ကို​လိုက်​နာ​ရ​မည်။


ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ