တောလည်ရာ 13:2 - Myanmar Common Language Zawgyi Version2 ``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 “အစ္စရေးအမျိုးသားတို့အား ငါပေးမည့် ခါနာန်ပြည်ကိုစူးစမ်းရန် ဘိုးဘေးတို့၏အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကို စေလွှတ်လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊ အခန်းကိုကြည့်ပါ။ |
မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။