နေဟမိ 9:28 - Myanmar Common Language Zawgyi Version
28 ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါ သူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့် ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။ သို့ရာတွင်သူတို့သည်နောင်တရလျက် မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ ကရုဏာတော်ကြီးမားတော်မူသည့်အလျောက် သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
28 သူတို့သည် အေးအေးချမ်းချမ်းနေရသောအခါ ကိုယ်တော်ရှေ့တော်တွင် မကောင်းမှုကိုပြုကြပြန်သဖြင့် သူတို့ကို အုပ်ချုပ်မည့်ရန်သူတို့လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော်ထံ အော်ဟစ်သောအခါ ကိုယ်တော်သည် ကောင်းကင်မှ နားညောင်းတော်မူ၏။ ကိုယ်တော်၏ ကရုဏာတော်နှင့်အညီ သူတို့ကိုအကြိမ်ကြိမ်ကယ်နုတ်တော်မူခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
28 တစ်ဖန် ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တစ်ဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ