နေဟမိ 8:5 - Myanmar Common Language Zawgyi Version5 ဧဇရသည်ထိုသူတို့၏အထက်စင်မြင့်ပေါ် မှာရပ်လျက်နေစဉ် လူအပေါင်းတို့သည်သူ့ ကိုစိုက်ကြည့်ကြ၏။ ပညတ်ကျမ်းကိုဖွင့် လိုက်သောအခါသူတို့သည်ထကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ဧဇရသည် လူအပေါင်းတို့ထက်မြင့်သောနေရာတွင်ရပ်၍ လူအပေါင်းတို့ရှေ့တွင် ကျမ်းစာအုပ်ကိုဖွင့်လိုက်၏။ ထိုသို့ ကျမ်းစာအုပ်ကိုဖွင့်လိုက်သောအခါ လူအပေါင်းတို့သည် မတ်တတ်ရပ်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကိုဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။ အခန်းကိုကြည့်ပါ။ |
ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။