Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 7:7 - Myanmar Common Language Zawgyi Version

7 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ အာဇရိ​၊ ရာမိ​၊ နာဟမာနိ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပေရက်​၊ ဗိဂဝဲ​၊ နေဟုံ​၊ ဗာနာ​တို့​နှင့်အတူ လိုက်ပါ​လာ​သော​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 ရှေ့​ဦး​စွာ ရောက်​လာ​သော​သူ​တို့၏ အ​ဆွေ​အ​မျိုး​စာ​ရင်း​ချက် ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ၊ ဗာ​နာ​တို့​နှင့်​အ​တူ လိုက်​လာ၍ ယေ​ရု​ရှ​လင်​မြို့​အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​တော်​သား၊ ဣ​သ​ရေ​လ​လူ​စာ​ရင်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:7
15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့ ဖြစ်​ကြ​၏။ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​သား ချင်း​စု​အ​လိုက် လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။


ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည် စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း ကူ​ညီ​ကြ​၏။-


အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။


ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင် ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏ စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။


ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ် ၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား ယော​ယ​ဒ​ဖြစ်​၏။


ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊-


ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန် ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ သို့​ပြန်​လာ​ခဲ့​ကြ​၏။-


ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ ပါ​ရုတ် ၂၁၇၂ ရှေ​ဖ​တိ ၃၇၂ အာ​ရာ ၆၅၂ ပါ​ဟတ်​မော​ဘ (ယော​ရှု​နှင့်​ယွာ​ဘ​တို့​၏ သား​မြေး​များ) ၂၈၁၈ ဧ​လံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေ​ဗဲ ၆၂၈ အာ​ဇ​ဂဒ် ၂၃၂၂ အ​ဒေါ​နိ​ကံ ၆၆၇ ဗိ​ဂဝဲ ၂၀၆၇ အာ​ဒိန် ၆၅၅ (ဟေ​ဇ​ကိ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​တာ​ဦး​ရေ ၉၈ ဟာ​ရှုံ ၃၂၈ ဗေ​ဇဲ ၃၂၄ ဟာ​ရိပ် ၁၁၂ ဂိ​ဗောင် ၉၅


ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-


ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ