နေဟမိ 4:21 - Myanmar Common Language Zawgyi Version21 သို့ဖြစ်၍နေ့စဉ်နေ့တိုင်းနေအရုဏ်တက်ချိန် မှညဥ့်အခါကြယ်ပေါ်ချိန်တိုင်အောင် ငါတို့ လူစုတစ်ဝက်သည်မြို့ရိုးကိုတည်ဆောက်၍ အခြားတစ်ဝက်ကလှံများကိုကိုင်ဆောင် ကာကင်းစောင့်ကြလေသည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်21 ဤနည်းဖြင့် နံနက်အရုဏ်တက်ချိန်မှစ၍ ညကြယ်ထွက်လာသည့်အချိန်ထိ ငါတို့အလုပ်လုပ်နေစဉ် လူတစ်ဝက်မှာ လှံများကိုင်ဆောင်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတစ်ဝက်သည် မိုးလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-