Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:6 - Myanmar Common Language Zawgyi Version

6 ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ချိန်​တွင်​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​၌​မ​ရှိ။ ဗာ​ဗု​လုန်​ဘု​ရင် အာ​တ​ဇေ​ရဇ်​၏ နန်း​စံ​သုံး​ဆယ့်​နှစ်​နှစ်​မြောက်​၌​ငါ​သည်​မင်း ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​ရန်​သွား​ရောက်​ချိန် ဖြစ်​၏။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ငါ​သည်​မင်း​ကြီး​ထံ​မှ​ခွင့်​ပြု​ချက်​ရ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ဘေဘီလုံ​ဘုရင်​အာတဇေရဇ်​မင်းကြီး​နန်းစံ သုံးဆယ့်​နှစ်​နှစ်​တွင် ငါ​သည် ဘုရင့်​ထံသို့​ပြန်သွား​ရ​သည်​ဖြစ်​၍ ထိုစဉ်က ဂျေရုဆလင်​မြို့​တွင် ငါ​မ​ရှိ​။ အချိန်​အတော်ကြာ​မှ ငါ​သည် ဘုရင်​ထံ​ခွင့်ပန်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ထို​ကာ​လ​ပတ်​လုံး ငါ​သည် ယေ​ရု​ရှ​လင်​မြို့၌​မ​ရှိ။ ဗာ​ဗု​လုန် ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​နန်း​စံ သုံး​ဆယ်​နှစ်​နှစ်​တွင် အ​ထံ​တော်​သို့ သွား​ရ၏။ အင်​တန်​ကာ​လ ကြာ​ပြီး​မှ၊ ရှင်​ဘု​ရင်​ထံ​တော်၌ အ​ခွင့်​ရ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:6
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့် ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန် ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။


လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊-


ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​နှင့်​ငါ​တာ​ဝန်​ယူ​ရ သည့်​တစ်​ဆယ့်​နှစ်​နှစ်​အ​တော​အ​တွင်း​အာ တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​၏​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​မှ​သုံး​ဆယ့်​နှစ်​နှစ်​မြောက် တိုင်​အောင် ငါ​နှင့်​တ​ကွ​ငါ​၏​ဆွေ​မျိုး​သား ချင်း​တို့​သည်​ဘု​ရင်​ခံ​အ​နေ​ဖြင့်​ငါ​ရ သင့်​ရ​ထိုက်​သည့်​ရိက္ခာ​ကို​မ​ယူ​ပါ။-


မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။-


သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ