Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:11 - Myanmar Common Language Zawgyi Version

11 ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ငါ​သည် ကြီးကြပ်​သူ​တို့​အား “​ဘုရားသခင်​၏​အိမ်​တော်​ကို အဘယ်ကြောင့်​ပစ်ပယ်​ထား​ကြ​သနည်း​”​ဟု အပြစ်တင်​ပြောဆို​ပြီး လေဝိ​အမျိုး​တို့​ကို စုဝေး​စေ​၍ သူ့​နေရာ​နှင့်​သူ ပြန်​ခန့်ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​ဘယ်​ကြောင့် စွန့်​ပစ်​ကြ​သ​နည်း​ဟု မင်း​တို့​ကို အ​ပြစ်​တင်၍၊ လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ သူ​တို့​နေ​ရာ၌ ခန့်​ထား​ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:11
8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။ ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။


ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။-


သို့​ဖြစ်​၍​ငါ​သည်​ထို​အ​မျိုး​သား​တို့​အား ပြစ်​တင်​ကျိန်​ဆဲ​ရိုက်​နှက်​၏။ သူ​တို့​ဆံ​ပင် ကို​လည်း​ဆွဲ​နုတ်​၏။ ထို​နောက်``အ​ကျွန်ုပ်​တို့ သည်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​၏​သား​သ​မီး များ​သည်​လည်း​ကောင်း နောင်​အ​ဘယ်​အ​ခါ ၌​မျှ​လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​မ​ပြု တော့​ပါ'' ဟု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ ပြု​စေ​၏။-


ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။


တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။


ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ