Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:8 - Myanmar Common Language Zawgyi Version

8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း ရာ​ဓမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 လေဝိ​အမျိုး​များ​တွင် ယေရွှာ​၊ ဗိနွိ​၊ ကပ်မျေလ​၊ ရှေရဘိ​၊ ယုဒ​၊ မတ္တနိ​တို့ ဖြစ်​ကြ​၏​။ မတ္တနိ​သည် မိမိ​ညီအစ်ကို​များ​နှင့်အတူ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ဦးဆောင်​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:8
12 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။


ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော လေ​ဝိ​အ​နွယ်​ဝင်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ​သား​ချင်း​စု​မှ (ဟော​ဒ​ဝိ​၏​သား​မြေး​များ) ၇၄


ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-


ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။ မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။


ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-


ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ် လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင် အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။


အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။


ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏ သား​မြေး​များ) ၇၄ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ (အာ​သပ်​၏​သား​မြေး​များ) ၁၄၈ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ (ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏ သား​မြေး​များ) ၁၃၈


လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ