Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နာ​ဟုံ 3:8 - Myanmar Common Language Zawgyi Version

8 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​အီ​ဂျစ်​ပြည်​၏​မြို့ တော်​သီ​ဘီ​မြို့​ထက်​သာ​လွန်​ကောင်း​မွန်​ပါ သ​လော။ ထို​မြို့​တွင်​လည်း​မြို့​ရိုး​သ​ဖွယ်​ကာ ကွယ်​မှု​ကို​ပေး​သည့်​မြစ်​တစ်​ခု​ရှိ​ပေ​သည်။ နိုင်း​မြစ်​ကား​ထို​မြို့​၏​ကွယ်​ကာ​ရာ​ပင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သင်​သည် ရေ​ပတ်လည်​ဝိုင်း​လျက် ပင်လယ်​တံတိုင်း​၊ ရေ​မြို့ရိုး​ဖြင့်​ကာရံ​ထား​၍ နိုင်း​မြစ်​နံဘေး​တွင်​တည်​သော နော​အာမုန်​မြို့​ထက် ခိုင်ခံ့​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 သင်​သည် မြစ်​ကြား​မှာ တည်​သော နော​မုန်​မြို့​ထက် ကြီး​မြတ်​သ​လော။ ထို​မြို့​ကို ရေ​ဝိုင်း​လျက်၊ ပင်​လယ်​သည် မြို့​ကျုံး​ဖြစ်၏။ မြို့​ရိုး​လည်း ပင်​လယ်​နှင့် စပ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




နာ​ဟုံ 3:8
8 ပူးပေါင်းရင်းမြစ်များ  

စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။


လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။


နိုင်​ငံ​တ​ကာ​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​၍ အ​ခြား​နိုင်​ငံ​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့ အား​အ​လွန်​သိမ်​ဖျင်း​စေ​မည်​ဖြစ်​၍ သူ​တို့ သည်​အ​ဘယ်​လူ​မျိုး​အ​ပေါ်​တွင်​မျှ​သြ ဇာ​အာ​ဏာ​လွှမ်း​မိုး​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-


ကာ​လ​နေ​မြို့​သို့​သွား​ပြီး​ရှု​လော့။ ထို​မှ တစ်​ဖန်​ဟာ​မတ်​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိတ္တိ မြို့​ဂါ​သ​သို့​လည်း​ကောင်း​သွား​ဦး​လော့။ ထို နိုင်​ငံ​များ​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တို့​ထက်​သာ​သ​လော။ သူ​တို့​နယ်​မြေ​သည် သင်​တို့​နယ်​မြေ​ထက်​ပို​၍​ကျယ်​သ​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ