ရှင်မာကုခရစ်ဝင် 9:9 - Myanmar Common Language Zawgyi Version9 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။