ရှင်မာကုခရစ်ဝင် 7:17 - Myanmar Common Language Zawgyi Version17 ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)