ရှင်မာကုခရစ်ဝင် 14:12 - Myanmar Common Language Zawgyi Version12 ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။-
``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-