Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရွင္မႆဲ 20:25 - Myanmar Common Language Zawgyi Version

25 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည်​ပြည် သူ​တို့​အ​ပေါ်​ဝယ် တန်​ခိုး​အာ​ဏာ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ပြည်​သူ့​ခေါင်း​ဆောင်​များ​သည်​လည်း ပြည်​သူ​တို့​အား အ​စိုး​တ​ရ​ပြု​တတ်​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 သို့သော် ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် အုပ်ချုပ်သူ​တို့​သည် ပြည်သူ​တို့​အပေါ်​စိုးမိုး​ခြယ်လှယ်​ကြ​၍ အကြီးအကဲ​တို့​သည် သူ​တို့​အပေါ်​အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့ သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ ပြု​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရွင္မႆဲ 20:25
14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။


သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-


ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-


ဤ​အ​ကြောင်း​အ​ရာ​ကို​တ​ပည့်​တော်​ဆယ်​ဦး​တို့ ကြား​လျှင် ထို​ညီ​အစ်​ကို​နှစ်​ယောက်​ကို​စိတ်​ဆိုး ကြ​၏။-


ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-


သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ