ရှင်မဿဲ 19:5 - Myanmar Common Language Zawgyi Version5 `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား``သင်တို့သည်လူမျိုးခြားများနှင့်အိမ် ထောင်မပြုရ။ သူတို့သည်သင်တို့၏စိတ်နှလုံး ကိုသူတို့ဘုရားများဘက်သို့အမှန်ပင်ယိမ်း ယိုင်စေကြလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။ သို့ ပါလျက်ရှောလမုန်သည်ထိုအမျိုးသမီး များနှင့်စုံဖက်တော်မူလေသည်။-
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-