ရှင်မဿဲ 19:28 - Myanmar Common Language Zawgyi Version28 သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်28 ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version28 ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။- အခန်းကိုကြည့်ပါ။ |
ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင် ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသား ငယ်ကောင်ရေလေးရာကိုယဇ်ကောင်များ အဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ် လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့် နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-