ရှင်မဿဲ 17:9 - Myanmar Common Language Zawgyi Version9 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-