ရှင်လုကာခရစ်ဝင် 7:13 - Myanmar Common Language Zawgyi Version13 ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍“မငိုနှင့်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊- အခန်းကိုကြည့်ပါ။ |
အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။
သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။