ရှင်လုကာခရစ်ဝင် 2:39 - Myanmar Common Language Zawgyi Version39 မိဘနှစ်ပါးတို့သည်ထာဝရဘုရား၏ပညတ် တော်ပြဋ္ဌာန်းချက်ရှိသမျှကိုဆောင်ရွက်ကြ ပြီးနောက် ဂါလိလဲပြည်၊ နာဇရက်မြို့ဟု ခေါ်သောမိမိတို့၏ဌာနေသို့ပြန်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်39 မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ အကုန်အစင်ပြုပြီးသောအခါ မိမိတို့နေရပ်မြို့ဖြစ်သော ဂါလိလဲနယ်ရှိ နာဇရက်မြို့သို့ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version39 မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။- အခန်းကိုကြည့်ပါ။ |
ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-