ရှင်လုကာခရစ်ဝင် 2:21 - Myanmar Common Language Zawgyi Version21 သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်21 ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။- အခန်းကိုကြည့်ပါ။ |