ရှင်လုကာခရစ်ဝင် 16:31 - Myanmar Common Language Zawgyi Version31 အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်31 သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version31 အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။