ရှင်လုကာခရစ်ဝင် 15:13 - Myanmar Common Language Zawgyi Version13 ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
သူတို့သည်သူတစ်ပါးတို့အားထိခိုက်နာ ကျင်စေသကဲ့သို့မိမိတို့လည်းထိခိုက် နာကျင်ရကြလိမ့်မည်။ သူတို့သည်နေ့ခင်း ကြောင်တောင်သေသောက်ကြူး၍ပျော်ပါး ကြ၏။ သူတို့သည်သင်တို့နှင့်အတူစားပွဲ တွင်ထိုင်၍စားသောက်လျက် သင်တို့၏ဂုဏ် သိက္ခာကိုညစ်စွန်းစေကြ၏။ သူတို့သည် လှည့်စားမှုကိုနှစ်သက်ကြ၏။-