ဝတ်ပြု 7:37 - Myanmar Common Language Zawgyi Version37 ဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်37 ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version37-38 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သကာပြုရမည်အကြောင်းမှာထားတော်မူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအားပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ်ပူဇော်သကာတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက်ဖြေရာယဇ်တရား၊ အရာ၌ခန့်ထားရာယဇ်တရား၊ မိတ်သဟာယယဇ်တရားဖြစ်သတည်းဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-