Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 27:3 - Myanmar Common Language Zawgyi Version

3-7 ကျပ်​စံ​တော်​အ​ရ​ပေး​ဆောင်​၍ မိ​မိ​ကိုယ်​ကို ရွေး​ယူ​နိုင်​သည်။ -အ​သက်​နှစ်​ဆယ်​မှ​ခြောက်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​ငါး​ဆယ်​ကျပ် -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​သုံး​ဆယ်​ကျပ် -အ​သက်​ငါး​နှစ်​မှ​နှစ်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​နှစ်​ဆယ်​ကျပ် -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​တစ်​ဆယ်​ကျပ် -အ​သက်​ငါး​နှစ်​အောက်​ယောကျာ်း​က​လေး​ဖြစ်​လျှင် ငွေ​သား​ငါး​ကျပ် -အ​သက်​ငါး​နှစ်​အောက်​မိန်း​က​လေး​ဖြစ်​လျှင် ငွေ​သား​သုံး​ကျပ် -အ​သက်​ခြောက်​ဆယ်​ကျော်​ယောကျာ်း​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ့်​ငါး​ကျပ် -အ​သက်​ခြောက်​ဆယ်​ကျော်​မိန်း​မ​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ်​ကျပ်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 အသက်​နှစ်ဆယ်​အရွယ်​မှ အသက်​ခြောက်ဆယ်​အရွယ်​အထိ သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ယောက်ျား​ဖြစ်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ငွေ​ငါးဆယ်​ရှယ်ကယ်​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 သင်​သည် အ​ဘယ်​မျှ အ​ဖိုး​ဖြတ်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ယောက်ျား​ကို အ​သက်​နှစ်​ဆယ်​မှ​သည် ခြောက်​ဆယ်​တိုင်​အောင်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:3
10 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်​ပြီး လျှင် ဗိ​မာန်​တော်​အ​တွင်း​၌​ယဇ်​ပူ​ဇော်​မှု​နှင့် ပတ်​သက်​၍​ရ​ရှိ​သည့်​ငွေ​များ၊ ယဇ်​ကောင် များ​အ​တွက်​ပေး​ချေ​ငွေ​များ​နှင့် စေ​တ​နာ အ​လျောက်​ပေး​လှူ​ငွေ​များ​ကို​စု​ဆောင်း ထား​ရန်​အ​မိန့်​ပေး​၏။-


သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-


တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-


တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။


တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-


သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-


တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-


တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ