Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 27:18 - Myanmar Common Language Zawgyi Version

18 သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သို့သော် သူ​သည် မိမိ​လယ်ယာ​ကို မင်္ဂလာရတု​နှစ်​လွန်မှ ဆက်ကပ်​လို​လျှင် ယဇ်ပုရောဟိတ်​သည် နောက်​မင်္ဂလာရတု​နှစ်​အထိ ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ငွေ​ကို​တွက်​၍ သင်​ဖြတ်​ထား​သော​တန်ဖိုး​မှ နုတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ယု​ဘိ​လ​နှစ်​လွန်​မှ မိ​မိ​လယ်​ကို​သန့်​ရှင်း​စေ​လျှင်၊ နောင်​ယု​ဘိ​လ​နှစ်​မှီ​အောင် လို​သေး​သော​နှစ်​ပေါင်း​ကို၊ ယဇ်​ပု​ရော​ဟိတ်​ရေ​တွက်၍ ဖြတ်​သော​အ​ဖိုး​ရင်း​ငွေ​ကို လျှော့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:18
7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-


ထို​သူ​သည်​မိ​မိ​၏​မြေ​ယာ​ကို ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကုန်​ဆုံး​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် တန်​ဖိုး​အ​ပြည့်​ပေး​ဆောင်​ရ မည်။-


ထို​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ​သေး သော​နှစ်​များ​ကို​ရေ​တွက်​၍ လယ်​မြေ​၏​တန်​ဖိုး ကို​သတ်​မှတ်​ရ​မည်။ ထို​သူ​သည်​လယ်​မြေ​၏ တန်​ဖိုး​ကို ထို​နေ့​၌​ပင်​ပေး​ဆောင်​ရ​မည်။ ထို ငွေ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ