Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 25:47 - Myanmar Common Language Zawgyi Version

47 အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

47 သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​သည် ငွေ​ရ​တတ်၍ သူ၏​အ​နား​မှာ​နေ​သော သင်၏​အ​မျိုး​သား​ချင်း​ဆင်း​ရဲ​သ​ဖြင့်၊ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌​လည်း​ကောင်း၊ သူ၏​သား​မြေး၌​လည်း​ကောင်း၊ ကိုယ်​ကို​ရောင်း​ချ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:47
7 ပူးပေါင်းရင်းမြစ်များ  

``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။


ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-


ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။-


သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။


သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊-


ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ