ဝတ်ပြု 22:32 - Myanmar Common Language Zawgyi Version32 ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါသည် သန့်ရှင်းတော်မူကြောင်းကိုဣသရေလအမျိုး သားအပေါင်းတို့သည်သိမှတ်ဝန်ခံရကြ မည်။ ငါထာဝရဘုရားသည်သင်တို့ကို သန့်ရှင်းစေတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်32 အစ္စရေးအမျိုးသားတို့အလယ်၌ ငါသည် သန့်ရှင်းသောအရှင်ဖြစ်မည့်အကြောင်း သင်တို့သည် ငါ၏သန့်ရှင်းသောနာမကို မရှုတ်ချရ။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version32-33 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ကောရိန်သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။